အရွယ်တင်စေဖို့ ဘာစားကြမလဲ
သဘာဝအတိုင်း အရွယ်တင်အောင် ဘယ်လို လုပ်ကြမလဲ! ဒါက လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက မေးလာကြတဲ့ မေးခွန်းပေါ့။ အရွယ်တင်ချင်တဲ့ လူတိုင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် အစားအစာလေးတွေ ရှိပါတယ်။
အရွယ်တင်စေမယ့် အစားအစာလေးတွေကို ပြောပြပေးထားတာမို့ ဆောင်းပါးလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။
အရွယ်တင်စေတဲ့ အစားအစာတွေက အိုမင်းမှုကို ဘယ်လိုများ နှေးကွေးစေတာပါလိမ့်
အရွယ်တင်ခြင်း မတင်ခြင်းအပေါ် အဓိက သက်ရောက်နေတာက အာဟာရပါ။ အသက်အရွယ်ရလာချိန်မှာ ကျန်းမာရေးက ယိုယွင်းလာပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ အယ်လ်ဇိုင်းမား၊ သွေးကြောဆိုင်ရာ ရောဂါတွေ၊ ကင်ဆာ၊ ဆီးချို နဲ့ သွေးတိုးတွေကို ခံစားရနိုင်ခြေက များလာပါတယ်။ ဒီလိုမျိုး အိုမင်းခြင်း ဖြစ်စဉ်ကို အဓိက ချုပ်ကိုင်ထားတာကတော့ ဓာတ်တိုးမှုတွေပဲပေါ့။ ဓာတ်တိုးမှုတွေ များတာလာက ရောင်ရမ်းတာတွေကို ဖြစ်စေပြီး ကျန်းမာတဲ့ဆဲလ်တွေ အရေအတွက်ကို ကျဆင်းစေပါတယ်။
ဒီတော့ အိုမင်းမှုတွေကို နှေးကွေးစေဖို့ ဆိုရင်တော့ အခုပြောပြမယ့် အစားအစာလေးတွေကို စားပေးလို့ ရပါတယ်။
ဘလူးဘယ်ရီ
ဘလူးဘယ်ရီက အရွယ်တင်စေပြီး အသက်ရှည် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ သိမြင်မှုပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ ကောင်းမွန်စေသလို ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေတဲ့အပြင် အသားအရေတွေကိုလည်း တင်းရင်းစေဖို့ ထောက်ကူပေးပါတယ်။
အနက်ရောင် ချောကလက်
အနက်ရောင် ချောကလက်က အရွယ်တင်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု များတာကြောင့် တစ်နေ့ကို နည်းနည်းလောက်ပဲ စားပေးသင့်ပါတယ်။ အနက်ရောင် ချောကလက်က အရွယ်တင်စေနိုင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
အခွံမာသီး
အခွံမာသီး စားသုံးပေးတာက နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးသလို မှတ်ဉာဏ်စွမ်းရည် ကျဆင်းမှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အသားအရေ နဲ့ ဆံသားတွေကို ကျန်းမာသန်စွမ်းစေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။
သဖန်းသီး
ဖလေဗာနွိုက် နဲ့ ပိုလီဖီနော ကြွယ်ဝတဲ့ သဖန်းသီးက နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးသလို အသားအရေကို ကျန်းမာနုပျိုစေဖို့ပါ ထောက်ကူပေးပါတယ်။
ဆယ်လ်မွန်
ကျန်းမာရေးအတွက် ကောင်းတယ်လို့ သိထားကြတဲ့ ဆယ်လ်မွန်က အရွယ်တင်စေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။ ဆယ်လ်မွန်မှာ ပါဝင်နေတဲ့ astaxanthin နဲ့ ကာရိုတီးနွိုက်တို့က ဦးနှောက်ရော ရုပ်ပိုင်းဆိုင်ရာကိုပါ အရွယ်တင်စေဖို့ ထောက်ကူပေးပါတယ်။
ထောပတ်သီး
ထောပတ်သီးက အိုမင်းရင့်ရော်မှုကို တိုက်ထုတ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ဖက်တီးအက်ဆစ် ပါဝင်နေသလို အင်ဒီအောက်ဆီးဒင့်တွေ ပါဝင်နေတာကလည်း အရွယ်တင်နုပျိုစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။
နနွင်း
နနွင်းကို သွေးသန့်စေဖို့ အသုံးများကြပေမယ့် နနွင်းက အသားအရေ ကျန်းမာစေသလို အရွယ်တင်စေဖို့ပါ ထောက်ကူပေးပါတယ်။ အဆစ်တွေ နာကျင်တာကို သက်သာစေနိုင်သလို ဦးနှောက်ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
မွန်မွန်